https://ooyinhmuekopyotaepan.blogspot.com/2017/08/29.html ည / အဲဒီညမှာငပေတစ်ယောက်အကြောင်း မီးတောက်နေတဲ့သစ်ငုတ်တိုတစ်ခုလို ဘာမှမရှိတော့ဘဲလောင်ကျွမ်းရတယ် မီးခိုးကြွက်လျှောက် လိုက်လာတဲ့ အပိုဆုများဟာ ဗလာထဲကိုခုန်ဆင်းကြ တစ်မပါတဲ့ လက်ထဲကဖဲဟာ ခိုကိုးရာမဲ့ခဲ့ရှာပေါ့ ။ အိမ်မက်ကိုထုဆစ်ကြသူတွေထဲ ငါ့မှာအိမ်မက်မမက်တဲ့ညတွေများတယ် မျက်လုံးမှိတ်ဖိုးကြိုးစားတိုင်း မျက်ခွံတွေအောက်မှာ မနက်ဖြန်ကလာလာထောက်တယ် ။ ကမ္ဘာကြီးကိုကယ်တင်ချင်တဲ့လူငယ်လေ ကမ္ဘာကြီးထဲမှာလမ်းပျောက်နေရှာတယ် ဟီးရိုးတစ်ယောက်ဖြစ်ချင်ခဲ့လို့ အနက်ရောင်ဝတ်ရုံကိုလွှားလိုက်တာ မနက်ဖြန်တွေမီးပျက်သွားတယ် ဆက်ရွေ့တာပေါ့ ၆၂လမ်းမကြီးကိုခြေဖဝါးအောက်ထားပြီး ရင်ကော့ခေါင်းမော့ လေထုနဲ့ဆေးလိပ်ငွေ့ရောသွားတာ စောက်ရမ်းလှတယ် ။ ငါ့အတွေးနဲ့ပဏာရနေတာက ပလက်ဖောင်းပေါ်ကအလင်းဆိုင်လေး ထမင်းကြော်တစ်ပွဲဟေ့ (ခဏငြိမ်သက်) မနေ့ကပြီးခဲ့တာတွေကိုမွှေကြော်ပေးပါ ရေနွေးကြမ်းကိုသောကတွေခပ်လိုက် ထမင်းဝိုင်လေး ကအဓိပ္ပာယ်ရှိပါတယ် ။ ကြိုတင်ခန့်မှန်းချက်တွေက ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်လာတယ် ရှေ့ဖြစ်ဟောသူတွေရဲ့နိမိတ်ပြစကားများ မနက်ဖြန်တေ...